Monday, January 23, 2017

Facebook နောက်ဆုံးversion 107.0.0.19.337

Facebook နောက်ဆုံးversion 107.0.0.19.337



Facebook နောက်ဆုံးထွက် Update Version 107.0.0.19.337 လေးဖြစ်ပါတယ်ဗျာ။ အားလုံးမျှော်လင့်နေတဲ့ Stickers Post လေးတွေလည်းတင်လို့ရပြီး နောက်ထက် ဘာတွေထူးခြားမှုတွေပါလာမယ်ဆိုတာကိုတော့ ကိုယ်တိုင် Download လုပ်ပြီးသာ သုံးစွဲကြပါဗျာ။


Download=>http://bit.ly/2kjmb2F

အဆင်ပြေကြပါစေဗျာ
အောင်မြင့်မြတ်(Myanmar Youths)
09256480246


 
 
 
 


The description of Facebook

Keeping up with friends is faster than ever.

• See what friends are up to
• Share updates, photos and videos
• Get notified when friends like and comment on your posts
• Play games and use your favorite apps

Now you can get early access to the next version of Facebook for Android by becoming a beta tester. Learn how to sign up, give feedback and leave the program in our Help Center: http://on.fb.me/133NwuP 
Sign up directly here: 
http://play.google.com/apps/testing/com.facebook.katana

Problems downloading or installing the app? See http://bit.ly/GPDownload1
Still need help? Please tell us more about the issue. http://bit.ly/invalidpackage

Facebook is only available for users age 13 and over.
Terms of Service: http://m.facebook.com/terms.php.


ရန်ကုန်မြို့ရှိနေရာ ၂၀ တွင် ဝိုင်ဖိုင်အခမဲ့အသုံးပြုနိုင်

ရန်ကုန်မြို့ရှိနေရာ ၂၀ တွင် ဝိုင်ဖိုင်အခမဲ့အသုံးပြုနိုင်




ရန်ကုန်မြို့ရှိ နေရာ ၂၀ တွင်

ဝိုင်ဖိုင်အခမဲ့အသုံးပြုနိုင်

 

 ပြည်တွင်းဆက်သွယ် ရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ် သည့် Global Net သည် ရန်ကုန် မြို့ရှိ တည်နေရာ ၂၀ ၌ ဝိုင်ဖိုင် ကွန်ရက်ကို အခမဲ့အသုံးပြုနိုင်ရန် ထုတ်လွှင့်ခဲ့ကြောင်း ဇန်နဝါရီ ၁၁ ရက်က ကြေညာခဲ့သည်။

5BB အမည်ဖြင့် အခမဲ့ဝိုင် ဖိုင်ကွန်ရက်ကို ရွှေတိဂုံစေတီ၊ ဆေးတက္ကသိုလ် ၁၊ နိုင်ငံခြားဘာ သာတက္ကသိုလ်၊ အပြည်ပြည်ဆိုင် ရာလေဆိပ်၊ ဘူတာကြီး၊ ဗိုလ်ချုပ် ဈေး၊ ကရဝိက်ဥယျာဉ်၊ တပ်မ တော်ခန်းမ၊ Ya Kon(လေဆိပ်)၊ LOTTERIA (ပုလဲကွန်ဒို)၊ LOTT-ERIA (၆ မိုင်ခွဲ)၊ LOTTERIA (တရုတ်တန်း)၊ EATFINITY Re-staurant ၊ ရွှေကောင်း(ဗဟန်း)၊DIY၊ O-Shabu၊ Harmony (လှိုင်တက္ကသိုလ်)၊ Cafe Milano၊ LA Bar နှင့် 7th Joint Bar & Grill အစရှိသည့် တည်နေရာ ၂၀ ၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။


ယင်းကွန်ရက်ကို ရန်ကုန်၊ မန္တလေး၌ တိုးချဲ့တပ်ဆင်ရန် ဆွေးနွေးမှုများပြုလုပ်နေပြီး နှစ်လအတွင်း တည်နေရာ ၅၀ ကိုအခမဲ့ဝိုင်ဖိုင်ကွန်ရက် တပ်ဆင်ပေးနိုင်ရန် လုပ်ဆောင်နေသည်ဟုGlobal Net ၏စီအီးအို ကိုသိန်းသန်းတိုးက ပြောသည်။ ‘‘ဆက်သွယ်ရေးလိုင်စင်ရပြီးတဲ့နောက် ပထမဦးဆုံးမိတ်ဆက်တဲ့ Brand လည်း ဖြစ်ပါတယ်။ စီးပွားရေးအကျိုးအမြတ်အတွက် လုပ်ထားတာမဟုတ်တဲ့အတွက် ရေရှည်ရပ်တည်ဖို့အတွက်လည်း ကျွန်တော်တို့နည်းလမ်းရှာရမှာပါ’’ဟု ၎င်းက ပြောသည်။

5BB အခမဲ့ဝန်ဆောင်မှုကို အမြန်နှုန်း 512 kbps မှ 1MB အထိအသုံးပြုရန် ထုတ်လွှင့်ပေးထား ပြီး တစ်ဦးတစ်ယောက်တည်းအ ချိန်ကြာမြင့်စွာ ဝင်ရောက်အသုံး ပြုနေခြင်းမှ ကာကွယ်ရန် မိနစ် ၃၀ လျှင် တစ်ကြိမ် Accept အနေဖြင့် ပြန်လည်ဝင်ရောက်ရမည် ဖြစ်သည်။ အခမဲ့ ဝိုင်ဖိုင်ကွန်ရက် ကို ရန်ကုန်မြို့၌ Global Net အပြင် Red Link နှင့် အခြားသော ဆက်သွယ်ရေး ကုမ္ပဏီများက လည်း တည်နေရာအလိုက် ကြော်ငြာအနေဖြင့် ပေးအပ်နေသည်။

5BB ဆိုသည်မှာ Speed၊ Coverage၊ Price၊ Service၊ User အားလုံးပြည့်စုံသည့် Broadband အင်တာနက်စနစ်ကို ရည်ရွယ် ခေါ်ဆိုခြင်းဖြစ်ပြီး ၂၀၁၆ ဒီဇင်ဘာအတွင်း စတင်ခဲ့သည်။

 

Credit – 7daydaily

 


Friday, January 20, 2017

ကွန်ပြူတာကိုစောင့်ရှောက်ဖို့အခမဲ့Softwareများ

ကွန်ပြူတာကိုစောင့်ရှောက်ဖို့အခမဲ့Softwareများ



ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

ကွန်ပျူတာဆိုသည်ဝယ်ကာစအသစ်တွင် အလွန်သုံး၍ကောင်းသည်။ အဖွင့်အပိတ်သာမက အလုပ်လုပ်ရာတွင် လည်း အလွန်မြန်သည်။ Error လည်း ဘာမှမရှိသေး။ သို့သော် အသုံးပြုသည့် သက်တမ်းကြာမြင့်လာ သည့်အခါ Software များအသစ်တင်ရင်း ဖျက်ရင်း ဖိုင်များထည့်ရင်း ဖျက်ရင်းဖြင့် မလိုအပ်သော အစအနများ ကွန်ပျူတာထဲတွင် များစွာကျန်သည်။ ကွန်ပျူတာအသုံးပြုရသည်မှာ နှေးကွေးလေးလံလာပြီး Error များလည်း မကြာခဏပေါ်လာတတ်သည်။ ထို့ကြောင့် ကွန်ပျူတာကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မှုကို အစဉ်ပြုလုပ် ပေးနေရပါမည်။ ကွန်ပျူတာကိုထိန်းသိမ်းစောင့်ရှောက်ရန် အသုံးပြုနိုင်သည့် အခမဲ့ Software တို့ကို အောက်ပါ အတိုင်းတွေ့ရပါမည်။

Synei System Utilities 4

www.syneicom မှ download ချပြီးအခမဲ့အသုံးပြုနိုင်သော Software  ဖြစ်သည်။ Windows XP မှသည် Windows 10 အထိအသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစား 71 MB သာရှိသဖြင့် အသုံးပြုရာတွင် ပေါ့ပါးလှပါသည်။ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ပေးခြင်းသည် ကွန်ပျူတာချောမွေ့စွာအလုပ်လုပ်နိုင်ရေးအတွက် အရေး ကြီးလှပါသည်။ ယင်းအလုပ်ကို Synei System Utilites က ကောင်းစွာကူညီနိုင်ပါသည်။ အကယ်၍ ဤ Software ပေါ်တွင် လုံးဝယုံကြည်စိတ်ချသည်ဟုဆိုပါက Software ၏ health section ကိုဖွင့်ပြီး 1- Click Maintaince  ကိုနှိပ်ကာ ပြုပြင်စေခိုင်းလိုက်ရုံသာ လိုပါသည်။

Software က အလိုအလျောက်ပြုပြင်ပေးခြင်း၊ ပြုပြင်စရာလုပ်ငန်းအားလုံးကို ပြုပြင်ပေးခြင်းကို သဘောမကျ ဟုဆိုပါက tool တစ်ခု စီကိုခေါ်တင်ပြီး မိမိစိတ်တိုင်းကျ ချိန်ညှိနိုင်ပါသည်။ ထိုကိစ္စအတွက် Toolbox section သို့သွားပါ။ Tool တို့ကို ယင်းနေရာတွင် အတန်းအစားများခွဲ၍ သိမ်းဆည်းထားသည်ကို တွေ့ရပါမည်။ ယင်း အတန်းအစားတို့တွင် Optimization ၊ Security ၊ Personal နှင့် အခြားဆောင်ရွက်ဖွယ်ရာ များပါဝင်ပါသည်။

ကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းရန်အတွက် လိုအပ်သည့် tool အားလုံးနီးပါးသည် ထိုနေရာတွင်ရှိသည်။ ဥပမာ အားဖြင့် သို့သော် Registry Cleaning, browser boost နှင့် hard dirve defragment တို့ဖြစ်ပါသည်။ Speed boost အတွက် turbo section ကိုထားရှိပြီး ယင်းက ကွန်ပျူတာ၏ performance ကို မျက်လှည့်ပြလိုက် သည့်အလား တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးပါသည်။ ဂိမ်းကြီးများကစားခြင်း သို့မဟုတ် ဗီဒီယိုတည်းဖြတ်ခြင်းကဲ့သို့သော resource စားသုံးမှုများပြား သည့်လုပ်ငန်းများကို ခိုင်းစေရန်အတွက် Speed boost က လွန်စွာအသုံးတည့်ပါသည်။ 

ကွန်ပျူတာအားစစ်ဆေးရင်း Synei တွေရှိသောပြဿနာများကို status tab အောက်တွင် ပြသထားပါသည်။ ထို့ကြောင့် ပြဿနာများကို လျင်မြန်စွာဖြေရှင်းနိုင်စေပါသည်။ ဤ Software ၏ နောက်ဆုံးထွက် version သည် Task Manager အသစ်နှင့် Force deleter တို့ကို မိတ်ဆက်ပေးထားပါသည်။ Windows က Lock လုပ်ထားသောကြောင့် ဖျက်ရခက်နေသည့်ဖိုင်များကို Force Deleter က ဖျက်၍လွယ်အောင်ကူညီပါသည်။ ထို့ပြင် Turbo mode အား မိနစ်သုံးဆယ်တစ်ကြိမ် ထ၍အလုပ်လုပ်အောင်လည်း setting ချိန်ထားနိုင်ပါသည်။

ဤ version တွင် Deep Cleaner နှင့် Big file Scanner  တို့၏ စွမ်းဆောင်ရည်တိုးတက်လာသည်ကို တွေ့ရပါသည်။ Software ကို desktop version အဖြစ်သာမက portable version အဖြစ်လည်း ရရှိနိုင်ပါသည်။ စွမ်းဆောင်ရည်ပြည့်စုံမြင့်မားသော version ကို အလိုရှိပါက premium edition ကို ၁၉ ဒေါ်လာပေး၍ ဝယ်ယူနိုင်ပါသည်။ ယင်းထဲတွင် additional cleansing နှင့် Advanced fixing tools များ ပါဝင်လာပါသည်။

Synei ကိုအသုံးပြုသည့်အခါ 1-click Maintainance scan ဖြင့် စသင့်ပါသည်။ ယင်းထဲတွင် မပါစေလိုသော အရာတို့ကို untick လုပ်ထားနိုင်ပါသည်။ ထို့ပြင် disk defragment ကိုလည်း ထည့်သွင်းနိုင်ပါသည်။ Disk defragment အတွက် စိတ်ရှည်ရှည်စောင့်ဆိုင်းဖို့ လိုအပ်ပါသည်။ SSD များကို defrag မလုပ်သင့်ပါ။ Hardware သက်တမ်းတိုစေပါသည်။ 1-click maintainace ထဲတွင် option သုံးခုအား အရောင်မှိန်ထား သည်ကို တွေ့နိုင်ပါသည်။ ယင်း option တို့ကို အခပေး version တွင် အသုံးပြုနိုင်ပါမည်။ ဤကဏ္ဍတွင် ပါဝင်သော tool တစ်ခုချင်း၏လုပ်ဆောင်မှုကို configuration များတစ်ဆင့် ဝင်ရောက်ချိန်ညှိနိုင်ပါသည်။ 

1-click Maintainance button အား ကလစ်နှိပ်လိုက်ပြီးနောက် Menu  ပေါ်လာသည့်အခါ Anglyse only ကိုရွေးခြင်းဖြင့် ပြဿနာများကို ကြည့်ရန်ဆောင်ရွက်နိုင်သည်။ Tool အမျိုးမျိုးသုံး၍ ကွန်ပျူတာကို စစ်ဆေး ပေးသွားမည်ဖြစ်ပြီး ပြဿနာများကို ထုတ်ဖော်ပြသပေးပါမည်။ တွေ့ရှိရသော ပြဿနာများကို status screen တွင် ကြည့်နိုင်သည်။ ပြဿနာများကို status screen တွင် ကြည့်နိုင်သည်။ ပြဿနာတွေ့တိုင်းလည်း ကြောက်ရန်မလိုပါ။ အဘယ်ကြောင့်ဆိုသော် Software က အကြံပြုထားသလောက် ဆိုးချင်မှဆိုးနိုင်၍ ဖြစ်ပါသည်။ PC သန့်ရှင်းရေးလုပ်ရန် PC Cleaner ကို ဖွင့်ရပါမည်။ ယင်းနောက် အောက်ဘက်တွင် တွေ့ ရသည့် Open Pc Cleaner Link ကိုနှိပ်လျှင် junk ဖိုင်များကို ရှင်းနိုင်ပါမည်။ ယင်းကိစ္စအတွက် ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်ရန် လိုပါသည်။


Exact Duplicate Finder

ကွန်ပျူတာထဲတွင်နေရာလွှဲပြီး သိမ်းထားမိသော ထပ်တူဖိုင်များကို ရှာဖွေရှင်းလင်းပေးမည့် Software ဖြစ်ပါ သည်။ www.bit.ly/edf 409 မှ download ဆွဲချပြီး အခမဲ့အသုံးပြုနိုင်ပါသည်။ Windows 7 မှ 10 အထိ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစား 162 KB သာရှိပါသည်။ အရွယ်ငယ်သော်လည်း hard drive ထဲရှိ ထပ်တူဖိုင်များအား ရှာဖွေဖော်ထုတ်ပေးရာတွင် အစွမ်းထက်ပါသည်။

Software installation ပြီး၍ စတင်အသုံးပြုမည်ဆိုသည့်အခါ မိမိရှာဖွေလိုသည့် location အား သတ်မှတ် ပေးရန် လိုအပ်ပါသည်။ ထို့နောက် မိမိရှာဖွေလိုသည့် ဖိုင်အမျိုးအစားကို သတ်မှတ်ပေးရပါမည်။ ဖိုင်အမျိုး အစားကိုသတ်မှတ်ရာတွင် Allfiles ၊ Audio Files ၊ Videos ၊ Pictures ၊ Documents ၊ archives စသည် တို့အနက်မှ နှစ်သက်ရာကို ရွေးချယ်ပေးနိုင်ပါသည်။

Location နှင့် ဖိုင်အမျိုးအစား သတ်မှတ်ပေးပြီးသည့်နောက်တွင် search ၌ ကလစ်နှိပ်ရပါမည်။ ထိုအခါ Software စတင်၍ အလုပ်လုပ်ပါမည်။ လုပ်ငန်းပြီးဆုံးသွားသည့်အခါ ရလဒ်ကိုတွေ့ရှိသည့်နေရာအလိုက် အုပ်စုများခွဲ၍ ပြသပေးပါမည်။ တွေ့ရှိသောဖိုင်တစ်ခုချင်းစီကို preview ကြည့်နိုင်ပါသည်။ ယင်းတို့အား တွေ့ရှိထားရာ folder များကို ဖွင့်၍ အချင်းချင်းနှိုင်းယှဉ်ကြည့်နိုင်ပါသည်။


Easy 7 Zip

ကွန်ပျူတာအတွင်း သိမ်းဆည်းထားသော ဖိုင်အချို့အားချုံ့သွင်းပြီး သိမ်းဆည်းနိုင်လျှင် နေရာလွတ်အများ အပြား ထွက်လာပါမည်။ ထိုကိစ္စကို Easy 7 Zip က ကောင်းစွာဆောင်ရွက်ပေးချင်သည်။ ဖိုင်များအား ချုံ့သွင်းရာတွင် Zip ၊ TAR ၊ RAR စသော အသုံးများသည့် format များကို အထောက်အပံ့ပေးပါသည်။ ဤ Software ၏ မူပိုင် Compression format  မှာ 7 Z ဖြစ်ပါသည်။ www.e7z .org မှ download ဆွဲပြီး အခမဲ့အသုံးပြုနိုင်ပါသည်။ Windows 7 မှ 10 အထိ အသုံးပြုနိုင်ခြင်း ဖိုင်အရွယ်အစား 2.3 MB သာရှိပါသည်။


အောင်မြင့်မြတ်(Myanmar Youths)

 ဒီနေရာ  ကိုနှိပ်၍ ကျွန်တော့်ဆိုဒ်ကို လာလည်ဖို့ဖိတ်ခေါ်ပါရစေဗျာ။


မျက်မမြင်များအတွက်ချစ်သူ့အပြုံးမြင်တွေ့စေမဲ့ဖုန်းApp

မျက်မမြင်များအတွက်ချစ်သူ့အပြုံးမြင်တွေ့စေမဲ့ဖုန်းApp




မျက်မမြင်များအတွက် ချစ်သူ့အပြုံးမြင်တွေ့စေမယ့် ဖုန်း app

 

မျက်မမြင်များအတွက် မိမိချစ်သူရဲ့ အပြုံးမြင်တွေ့ခွင့်မရကြတာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ ဒါကို အများစုက စကားနဲ့ပဲ ဖော်ပြပြောဆိုနေကြပါတယ်။

သို့ပေမယ့် ဖုန်း app အသစ်တစ်ခုမှ မျက်မမြင်များကို အနည်းဆုံး တခြားသူများဆီမှ ပြုံးပြတာ ခံစားသိရှိစေနိုင်မှာဖြစ်ပါတယ်။ အဆိုပါ app ဖြစ်တဲ့ Listerine Smile Detector app အနေနဲ့ တစ်စုံတစ်ဦးရဲ့ အပြုံးကို သတိပြုမိဖို့ ဖုန်းကင်မရာကို အသုံးပြုထားပါတယ်။ နောက်ပြီး သုံးစွဲသူကို အသိပေးဖို့ အသံများနဲ့ တုန်ခါမှုတွေကို အသုံးပြုထားပါတယ်။

ရုပ်ရှင်ဒါရိုက်တာ Lucy Walker ကတော့ မျက်မမြင်သူများကို မျက်စိနဲ့မဟုတ်ပဲ ပြုံးပြခံရတာ သူတို့ ဘယ်လိုခံစားရလဲ မေးကြည့်ဖို့ စိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုပါတယ်။

 

ပြုံးတယ်ဆိုတာ မွေးကတည်းက မျက်မမြင်သူများ အသုံးပြုတဲ့ ကမ္ဘာတဝှမ်းလူသားများမှ ခံစားချက်ကို ဖော်ပြတဲ့အရာတစ်ခုဖြစ်ပါတယ်။ မျက်နှာကို မမြင်တွေ့နိုင်ရင်တောင် သူတို့အား ပြုံးပြတဲ့ခံစားချက်ကို မျက်မမြင်သူတွေ သတိထားမိကြတယ်။ သူတို့အသံကို နားထောင်ပြီး တစ်ယောက်ပြုံးပြနေတယ်ဆိုတာ သူတို့ သဘောပေါက်နိုင်ကြတယ်။

မျက်မမြင်များနဲ့ အနည်းအကျဉ်းသာမြင်ရသူများက ဒီ Listerine Smile Detector app ကို တကယ်ပင် အသုံးတည့်ပြီး ပျော်ရွှင်မှုများစွာ ရရှိစေကြောင်း သိရှိကြတယ်။ ဒီ့အပြင် အထူးသဖြင့် အမြင်အာရုံဆုံးရှုံးသူများအတွက် ယင်း app ကို အားထုတ်ကြိုးစားခဲ့တာ တကယ်ဝမ်းသာပီတိဖြစ်ပြီး app ရဲ့ လက်တွေ့ဘဝအတွက် အလားအလာကို အသိအမှတ်ပြုကြောင်း Terry Hawkins မှ ပြောဆိုခဲ့ပါတယ်။


Credit - Trend Myanmar

အောင်မြင့်မြတ်(Myanmar Youths)


Thursday, January 19, 2017

Easy Video Logo Remover Tool 1.3.8+7.8 MB+Portable

watermark insertions, such as logos, signatures or subtitles ရေးထားတဲ့ မူရင်း
ဗီဒီယိုအမှတ်တံဆိပ် ၊ image အမှတ်တံဆိပ်တွေကို လွယ်လွယ်ကူကူနဲ့ ကိုယ့်ကွန်ပျူတာ
မှာ REMOVED ပြုလုပ်နိုင်စွမ်းရှိတဲ့ All in One Easy Video Logo Remover Tool လေး
ပါဗျာ ဒီTool တွေကရှာရခက်ပါတယ်။လိုအပ်တဲ့အခါအသုံးပြုဖို့ Easy Video Logo Remo
ver v1.3.8 Final+Portableအိတ်ဆောင်လွယ်ကူဗီဒီယိုအမှတ်တံဆိပ် REMOVED လေး
ကိုအောက်မှာ မိမိတို့နှစ်သက်ရာlink တစ်ခုကနေ ဒေါင်းလော့ရယူနိုင်ပါတယ်။


Developer : moredan

Click here to download


BCUninstaller 3.6.1+4.9 MB+Portable

မင်္ဂလာပါ မိမိတို့ရဲ့ Window စက်ထဲမှာ run ထည့်ပြီး မကောင်းတဲ့ program များစွာကို Quietly uninstalling နဲ့လွယ်လွယ်ကူကူဖယ်ရှားနိုင်မယ့် BCUninstaller 3.6.1+4.9 MB+Portable အိတ်
ဆောင် Windows (All Versions)အသုံးဝင်ဆော့ဖ်ဝဲကောင်းလေး 18 Jan  နောက်ဆုံးထွက်Update
 ကိုမျှဝေပေးလိုက်ပါတယ်။အသုံးပြုလိုတဲ့ မိတ်ဆွေများ မိမိတို့နှစ်သက်ရာ အောက် link တွေမှာ ဒေါင်း
လော့ရယူနိုင်ပါတယ်။
Features of BCUninstaller
********************
• Uninstall any number of programs at once
• Quiet (unattended) uninstall of many programs
• Intelligent ordering of uninstallers in large tasks
• Detection and clean up of leftovers after uninstalling applications
• Uninstall lists (automatically select uninstallers from the list, can be edited in a text editor)
• Advanced grouping and sorting
• Filtering and searching
• Editing tools and visibility of protected and invalid entries
• Fully portable, requires Net 3.5 which is installed on all Windows 7 machines
• Automatic error reporting and updating
• And many more time-saving features …

Rar pass " www.nyilattun.com "
Click here to download



www.nyilattun.com

Tuesday, January 17, 2017

Nero MediaHome 2017 18.0.8 Full+Key

Nero MediaHome 2017 18.0.8 Full+Key Update လေးပါ ။ record of your photos, music 
and videos on CD, DVD, and Blu-ray Disc စတာ တွေကို viewer And player အတွက်ပါ highest quality playback function အလန်းတွေနဲ့ Burn & Copy လုပ်နိုင်သည့်အပြင် Create & Edit , Rip & Convert ပြုလုပ်နိုင်မယ့် All-in-one multimedia manager လေးပါဗျာ။သုံးဖူးတဲ့သူတွေရှိသလိုမသုံးဖြစ်
သေးတဲ့ ကွန်ပျူတာ user တွေအတွက်လိုအပ်တဲ့အခါ အသုံးပြုဖို့ ဆောင်ထားသင့်ပါတယ်။ဖိုင်ဆိုက်-234.3 MB ခန့်သာရှိပါတယ်။Windows 10, 8.1, 8, 7 (32 bit /64 bit) အထိအသုံးပြုနိုင်ပါတယ်။အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်က မိမိနှစ်သက်ရာ link တွေမှာဝင်ရောက်ဒေါင်းယူနိုင်ပါတယ်။
Title: Nero MediaHome Standard 2017 v18.0.8 
Developer: Nero
 License: ShareWare 
Language: English 
OS: WindowsWindows 10, 8.1, 8, 7 (32 bit /64 bit)
viewer

This Post was Protected by KaranPC © Copyright 2016, All Rights Reserved
Click here to download





Microsoft Windows 7 64 Bit OEM ISO (၁၂/၀၁/၂၀၁၇) Updates

 Windows 7 64 Bit OEM ISO အသစ်အသုံးပြုသူများအတွက် ၁၂/၀၁/၂၀၁၇ နေ့ထွက်
Updates ကိုတင်ပေးလိုက်ပါတယ်။ဒီ Edition မှာ NET Framework 4.6.2 ပါဝင်ပါတယ်။
Windows 7Edition (၉) ခုပါဝင်တဲ့ ISO ဖြစ်ပြီး မိမိတို့ ကြိုက်နှစ်ရာ Edition ကို ရွေးပြီး အင်
စတောလုပ်နိုင်ပါတယ်။ အဆိုပါ Windows 7  နဲ့ပတ်သက်တဲ့ Features တွေနဲ့ System
Requirements ကို ::ညီလတ်:: အောက်မှာထည့်ပေးထားပါတယ်။

Features 
===========
Software Full Name: Windows 7 64 Bit OEM ISO With Jan 2017 Updates
Setup File Name: Windows_7_SP1_64_12in1_OEM_ESD_en-US_Jan_2017.zip
Full Setup Size: 3.1 GB
Setup Type: Offline Installer / Full Standalone Setup
Compatibility Architecture: 64 Bit (x64)
Latest Version Release Added On: 12th Jan 2017
Developers:Microsoft

System Requirements
=================
Memory (RAM): 1 GB of RAM required.
Hard Disk Space: 16 GB of free space required.
Processor: Intel Pentium 4 or later.


Click here to download




Friday, January 13, 2017

ဒီဆောင်းစပါးရောင်း၍ အပျိုတောင်းမည်

ဒီဆောင်းစပါးရောင်း၍ အပျိုတောင်းမည်




*ဒီဆောင်း စပါးရောင်းလို့ အပျိုတောင်းမည်*


*ဆောင်းလရာသီ 
နှင်းရည် စိုဖျန်းပါလို့ 
မြောက်လေ သရမ်းကာပ
ချမ်းလှသည်။
တို့တောရွာဆီ  နေခြည် "တ"တယ်လေး
နွေးမှ တော်မည်။

*ရွှေဝါရောင် ဝင်းပါလို့
လယ်ကွင်းပြင်ဆီ  
"အေး"သည် ကို မှုပါဘဲရယ်နှင့်
လူ စု ဖေါ်သင်း   ကောက်ရိက်ခြင်းကိုတဲ့
ဆင်းကြရသည်။
လုံမေ မဒီ ပါးဆီဖွေးတယ်လေး
မွှေးနံ့သာရည် ။

* ချိုကြည်မျက်နှာပေးရယ်နှင့်
ပျို့ ဘေးနား ဆီ တွဲကူညီ ရိက်သိမ်းကာပ
တိမ်းညွှတ် ချစ်များ   အင်အားပြရင်းသာပ
ချစ်ခြင်း ရိပ်ရောင် ။
ပျိုလေးတို့မောင်   စွမ်းဆောင်ပြတယ်လေး
မျှ ချစ် ရအောင် ။
           
အချင်းချင်းသာပ  ရင်နှီး နောက် ပြောင်
ပျိုတို့မောင် ထွန်စိုက်ပျိုးပါလို့
စပါး ပွားတိုး  ဆွေမျိုးတွေဖိတ်ပါလို့
မီးခိုးတိတ်စေ ။
ကြွေခြင်လှပေ  ပျိုမေ လေး  ရယ်လေး
ပေးကွဲ့အဖြေ။

*နွားပျိုများရယ်နှင့် လုပ်စားလယ်မြေ
တူနှစ်ကိုယ် နေအိမ် ဝင်းရယ်တို့
ပေးနှင်းမည်လား   မိကောင်းသား ပီသစွာ
နားဖေါက်လှည့်ပါ ။
  စေ့စပ်ပြီးခါ
ရက်သာ ရွေးကွယ်လေး
ပျို ပေး ဖြေရာ ။

*ဒီဆောင်းခါ ရ စပါးကိုလ
ရောင်းချ အများ ။
တောင်းပါ့မယ် မဒီခင်ကို
မင်္ဂလာ ရွေး ရက်များမှာလ
ကြွေး မည် ဝက်သား ။


                              ဝန


Tuesday, January 10, 2017

Bluetooth 5 ကဘာတွေထူးခြားလာသလဲ

Bluetooth 5 ကဘာတွေထူးခြားလာသလဲ




Bluetooth Special Interest Group (SIG) အဖွဲ့က နောက်ဆုံးပေါ် Bluetooth 5 ကို Bluetooth core စံသတ်မှတ်ချက် နောက်ဆုံးပေါ် ဗားရှင်းအဖြစ် အသိအမှတ်ပြုလိုက်ကြောင်း သိရသည်။

Bluetooth 4.2 စံသတ်မှတ်ချက်ဟောင်းကို နှစ်နှစ်အတွင်း အစားထိုးသွားမည် ဖြစ်သည်။

Bluetooth 5 ပါဝင်သော ထုတ်ကုန်များသည် နှစ်လမှ ခြောက်လအတွင်း ထွက်ရှိလာဖွယ်ရှိသည်။ ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိမည့် ထုတ်ကုန်အများစုတွင် Bluetooth 5 ပါဝင်လာမည် ဖြစ်သည်။ အောက်ဖော်ပြပါ အချက်များမှာ Bluetooth 5 ၏ ထူးခြားချက်များဖြစ်သည်။

 

ချိတ်ဆက်မှု အကွာအဝေး ရှည်လျားပြီး ပိုမိုမြန်ဆန်ခြင်း

Bluetooth 5 ၏ ချိတ်ဆက်ထားသော ထုတ်ကုန်များအကြား အကွာအဝေးသည် ယခင်မျိုးဆက်ထက် ရှည်လျားပြီး ပိုမိုအားကောင်းသည်။ အရွယ်ကြီးမားသော အချက်အလက်များကိုလည်း လျင်မြန်စွာ ပေးပို့နိုင်သည်။ Bluetooth 5 ၏ မြန်နှုန်းမြင့်ခြင်းကြောင့် စွမ်းဆောင်ရည်မြင့်ထုတ်ကုန်များမှာ တုံ့ပြန်မှုအားကောင်းလာသည်။

 

တည်နေတစ်ခုအတွင်း အခြားထုတ်ကုန်များနှင့် တွဲဖက်တည်ရှိခြင်း

တည်နေရာတစ်ခုအတွင်း အခြားကြိုးမဲ့နည်းပညာများနှင့် ချိတ်ဆက်နိုင်သော Internet of Things (IoT) နည်းပညာသည် နေ့စဉ်ဘဝအတွင်း ပျံ့နှံ့လာသည်။

အဆိုပါနည်းပညာ အသုံးပြုထားသော Bluetooth တွင် အခြားကြိုးမဲ့နည်းပညာများကို ဝင်ရောက်နှောင့်ယှက်မှုကို လျှော့ချပေးနိုင်မည် ဖြစ်သည်။ Bluetooth 5 ထုတ်ကုန်များသည် တစ်နေရာတည်းတွင် ကြိုးမဲ့နည်းပညာ အမျိုးမျိုးအသုံးပြုထားသော IoT ထုတ်ကုန်နှင့် တွဲဖက်တည်ရှိနိုင်သည်။

ထို့အပြင် စွမ်းအင်နည်းနည်းဖြင့် လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သည်။ Developer များအနေဖြင့်လည်း နှစ်သက်ရာ စံသတ်မှတ်ချက်နှင့်အညီ application များ သို့မဟုတ် ထုတ်ကုန်များကို စီမံခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။

 

Credit – Internet Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
အွန်လိုင်းပေါ်ကလောင်းကစားဂိမ်းတွေကိုဘယ်လိုတားဆီးမှာလဲ

အွန်လိုင်းပေါ်ကလောင်းကစားဂိမ်းတွေကိုဘယ်လိုတားဆီးမှာလဲ




အွန်လိုင်းပေါ်က လောင်းကစားဂိမ်းတွေကို ဘယ်လို တားဆီးမှာလဲ

 

အင်တာနက် အသုံးပြုခြင်းသည် လူတိုင်း လက်ကိုင်ဖုန်းများ ကိုင်ဆောင်နိုင်သည့် ခေတ်တွင် ထူးခြားသည့် ဖြစ်ရပ်တစ်ခု မဟုတ်ခဲ့။ လူငယ်တိုင်းနီးပါး၏ လက်ဝယ်တွင် အလွယ်တကူ အင်တာနက် အသုံးပြုနိုင်သည့် လက်ကိုင်ဖုန်းများ ကိုယ်စီရှိနေကြသည့်အချိန်တွင် အင်တာနက်မှ တစ်ဆင့် လူငယ်များအား ဆွဲဆောင်နေသည့် ဂိမ်းများ၊ လူမှုကွန်ရက်စာမျက်နှာများလည်း အများအပြား ပေါ်ထွက်လျက်ပင် ရှိနေပါတယ်။ ဂိမ်းအမျိုးမျိုးရှိသည့်အနက် တိုက်ခိုက်ရေးဂိမ်းများ၊ လောင်းကစားဂိမ်းများမှာ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်နေပြီး အချို့သော ဂိမ်းများဟာ အခမဲ့ ဆော့ကစားနိုင်တဲ့ ဂိမ်းတွေဖြစ်ပေမယ့် အချို့သော ဂိမ်းများကတော့ ငွေကြေးဖြင့်သာ ၀ယ်ယူပေးသွင်း ဆော့ကစားနိုင်တဲ့ ဂိမ်းများဖြစ်ပါတယ်။

 

ငွေကြေးပေးသွင်း ဆော့ကစားရတဲ့ ဂိမ်းအများစုထဲမှာမှ ယခုနောက်ပိုင်းတွင် လူကြိုက်များ ဆော့ကစားကြတဲ့ ဂိမ်းဟာ ဖဲကစားခြင်းဂိမ်းပါပဲ။ မြန်မာလို အလွယ်တကူ ဖတ်ရှုနိုင်ပြီး ဆော့ကစားနိုင်တဲ့ ရှမ်းကိုးမီးလို့ ခေါ်တဲ့ ဖဲကစားခြင်း လောင်းကစားဂိမ်းများဟာ လူကြီး၊ လူငယ်များအကြားမှာ လွယ်ကူစွာ ပျံ့နှံ့နေပါပြီ။ အဆိုပါ ဂိမ်းများကြောင့် အချို့သော လူကြီး၊ လူငယ်များဟာ ငွေကျပ်သိန်းချီ ဆုံးရှုံးခြင်းကြောင့် မိသားစုဘ၀ ပျက်စီးခြင်းကိုပါ ရောက်ရှိနေကြရပါပြီ။

ဖဲကစားခြင်း လောင်းကစားဂိမ်းများအနက် ဆော့ကစားမှု အများဆုံးဂိမ်းတွေဟာ KoeMeeBayin (ကိုးမီးဘုရင်)၊ Royal Shan Shan Koe Mee၊ Shan 18 ဆိုတဲ့ ဂိမ်းများပါ၊ အလွယ်တကူ Google Play ကနေ Download ရယူနိုင်ပြီးတော့ အကောင့်ဖွင့်ကာ ငွေကြေးပေးသွင်း ဆော့ကစားနိုင်တဲ့ ဂိမ်းများဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားအလိုက် အချို့သော ဂိမ်းများဟာ ဘဏ်အကောင့်များနဲ့ ချိတ်ဆက်ပြီး ဆော့ကစားရကာ အချို့ဂိမ်းတွေဟာ ဂိမ်းတီထွင်ထားသူများရဲ့ ကိုယ်စားလှယ်တွေကနေ တစ်ဆင့် ငွေကြေးပေးသွင်း ဆော့ကစားရတဲ့ ဂိမ်းများပါ။ ဂိမ်းအားလုံးရဲ့ ထူးခြားချက်ကတော့ ဂိမ်းကစားတဲ့သူတွေ အားလုံးဟာ တစ်ကြိမ်တစ်ခါမှ ငွေကြေးများစွာ မနိုင်ဖူးကြပေမယ့် အကြိမ်တိုင်း ငွေကြေးများစွာ ဆုံးရှုံးနေခြင်းပါ။

 

“ကျွန်တော်ဆော့တဲ့ဂိမ်းက ကျွန်တော်တို့မြို့မှာတင် အေးဂျင့်တစ်ယောက် ရှိတယ်။ အကောင့်ဖွင့်ချင်ရင် သူ့ဆီမှာ သွားပြီးတော့ ငွေသွားသွင်းရတယ်။ ကျပ် ၃၀၀၀၀ လောက်ကနေ ကြိုက်သလောက် ငွေသွင်းလို့ရတယ်၊ ငွေသွင်းပြီးတာနဲ့ ကိုယ့်ဂိမ်းအကောင့်ထဲကို သွင်းထားတဲ့ ငွေရောက်လာတယ်။ ဂိမ်းထဲမှာ ၀ိုင်းတွေ အများကြီးပဲ ကျပ် ၁၀၀၊ ၂၀၀ ကနေ သောင်းချီ၊ သိန်းချီ ဆော့လို့ရတဲ့ ၀ိုင်းတွေ ရှိတယ်။ ကြိုက်တဲ့ဝိုင်း ၀င်ဆော့ အလှည့်ကျ ဒိုင်ကိုင်ရတယ်။ နိုင်ပြီဆိုတာနဲ့ နှစ်ရာခိုင်နှုန်း ဆာဗာက အကောက်ကောက်တယ်။ နိုင်တာများပြီ။ ငွေထုတ်ချင်ပြီဆိုရင် အေးဂျင့်ဆီမှာ ငွေသွားထုတ် သုံးရာခိုင်နှုန်း ငွေထုတ်ပေးခ ယူပြီး ထုတ်ပေးတယ်။ ဒါပေမဲ့ အနိုင်နည်းတယ် အရှုံးများတယ်။ စပြီးတော့ဆော့တဲ့ အချိန်လောက်ကသာ နိုင်တာများပေမယ့် နောက်ပိုင်းမှာ အနိုင်က မရှိသလောက် ဖြစ်သွားတယ်။ ကျွန်တော်ကိုယ်တိုင် ကျပ် ရှစ်သိန်းလောက် ရှုံးဖူးတယ်။ တချို့ဆို တစ်နေ့တည်း ကျပ်သိန်းသုံး လေးဆယ် ရှုံးတာလည်း ရှိတယ်”ဟု ကိုယ်တိုင်ဆော့ကစားခဲ့ဖူးသည့် လူငယ်တစ်ဦးက ဂိမ်းဆော့ကစားပုံ နည်းစနစ်ကို ရှင်းပြပါတယ်။

 

အဆိုပါဂိမ်းများဟာ အင်တာနက်ဖွင့်ထားရုံနဲ့ လွယ်ကူစွာ ဆော့ကစားနိုင်တဲ့အတွက် လက်ကိုင်ဖုန်းငယ်များကနေ တစ်ဆင့် နေ့စဉ်လူဦးရေ သိန်းချီ ဆော့ကစားနေကြပါတယ်။ ဆော့ကစားသူတိုင်းဟာ အနိုင်ရယ်လို့ မရှိဘဲ အရှုံးအဖြစ်ပဲ ရင်ဆိုင်နေရခြင်းကို ကိုယ်တိုင် ဆော့ကစားခဲ့ဖူးသူတစ်ဦးက အခုလိုပြောပြပါတယ်။

 

“ကျွန်တော် ဒိုင်ကိုင်ရတဲ့ အလှည့်မျိုးမှာ နောက်ဆုံး ၀မ်တိန်ခေါ်ပြီ။ ငွေတွေလည်း အများကြီး နိုင်ထားပြီဆိုရင် ၀ိုင်းထဲကို ဘယ်ကအကောင့်မှန်း မသိဘဲ ငွေအများကြီး ကိုင်ထားတဲ့ အကောင့်တစ်ခုက ၀င်လာတယ်။ ပုံအောပြီး စွတ်ထိုးတယ် တစ်ဝိုင်းလုံးသာ စားလိုက်ရတယ်။ အဲဒီအိမ်ကို နှစ်ဆ၊ သုံးဆနဲ့ လျော်ရတာချည်းပဲ။ နောက်တစ်ခုက သူများဒိုင်ကိုင်နေချိန်မှာ ဒိုင်က နိုင်နေတယ်ဆိုရင် နောက်ဆုံး ၀မ်တိန်မှာ ကျွန်တော်တို့က ပုံအောပြီး ထိုးရမှာလေ။ အဲဒီအချိန်မှာ အင်တာနက်လိုင်းကျသွားသလိုနဲ့ ကျွန်တော့်အကောင့်က အလိုလို ထွက်သွားပြီးတော့ တခြားအကောင့်တစ်ခု ၀င်လာတယ်။ သူပဲ အကုန်နိုင်သွားတယ်။ အဲဒီလိုမျိုးလည်း မကြာခဏ ကြုံရတယ်။ အခုတော့ မဆော့တော့ဘူး။ ကျွန်တော့်ဆိုင်လေးပါ ပြုတ်မတတ် ဖြစ်သွားခဲ့တာ”ဟု ဂိမ်းဆော့ကစားဖူးသည့် လူငယ်တစ်ဦးက သူ့အတွေ့အကြုံကို ပြောပါတယ်။

 

လောင်းကစားဂိမ်း အားလုံးဟာ စတင် ဆော့ကစားတဲ့သူတွေကို ထပ်မံ ဆော့ကစားချင်အောင် နည်းမျိုးစုံနဲ့ ဆွဲဆောင်လေ့ ရှိပါတယ်။ ပရိုမိုးရှင်းပေးခြင်းကနေ ကိုယ်ထိုးသမျှ အနိုင်တွေရအောင် လုပ်ဆောင် ပေးတတ်ကြပါတယ်။ အချိန်ကြာ ငွေကြေးအင်အား များလာပြီဆိုရင်တော့ ဒါဟာ အရှုံးနဲ့ ရင်ဆိုင်လာရမှာ သေချာသွားပါပြီ။ ဂိမ်းကစားနည်းကို စတင်ရေးဆွဲကတည်းက ဒါတွေကိုပါ ထည့်သွင်း တွက်ချက် ရေးဆွဲထားတာလို့ နည်းပညာကျွမ်းကျင်သူများက ဆိုပါတယ်။

“အဲဒီ ဂိမ်းတွေအကြောင်းကို သူငယ်ချင်းတွေ အပြောများလို့ ကျွန်တော်လည်း လေ့လာထားမိတယ်။ အဲဒီဂိမ်းတွေက နိုင်ငံခြားက ဂိမ်းတွေကို ကုဒ်တွေဖြည်ပြီးတော့ မြန်မာမှုပြုထားတဲ့ ဂိမ်းတွေ၊ ဂိမ်းတိုင်းမှာ ဆာဗာ ၆၀ ထိုးသား ၄၀ ဆိုတာ ရှိတယ်။ ဆာဗာ ၇၀ ထိုးသား ၃၀ ဆိုတာလည်း ရှိတယ်။ အရမ်းငွေတောင့်တဲ့ ဆာဗာတွေဆိုရင် ဆာဗာ ၅၀ ထိုးသား ၅၀ ဆိုတာတွေ ရှိတယ်။ သဘောကဗျာ ထိုးသားက ဘယ်တော့မှ မနိုင်ဘူး။ ဆာဗာက အမြဲစောင့်ကြည့်ပြီးတော့ ထိန်းထားရတာ။ ကစားတဲ့သူထဲမှာ အရမ်းနိုင်နေပြီဆိုရင် ဆာဗာကနေ အကောင့်တစ်ခုနဲ့ ၀င်လိုက်တယ်။ ဖဲဝိုင်းတွေရဲ့သဘောအတိုင်း အကောက်လည်း ရတယ်။ အနိုင်လည်းယူတယ် ဆိုတဲ့သဘော။ ဆာဗာကနေ လိုသလို ဖဲရွက်တွေကို အကုန်ထိန်းချုပ်ထားတယ်။ အခုက ဒေါ်လာလေး သွင်းထားရုံနဲ့ Google Play ကနေ ဂိမ်းဆော့ဖ်ဝဲတွေကို တင်ပေးလို့ ရတော့ လွယ်တာပေါ့။ ဒါတွေကို တားဖို့ဆိုရင်တော့ မလွယ်ဘူး။ ဖော်ဖို့လည်း မလွယ်ဘူး”ဟု နည်းပညာကျွမ်းကျင်သူ တစ်ဦးဖြစ်သူ ကိုဇင်မင်းက ပြောပါတယ်။

 

ငွေကြေးများစွာ အသုံးပြုပြီး ဆော့ကစားနေတဲ့ လောင်းကစားဂိမ်းများဟာ ဆော့ကစားနေသူကို တွေ့ပြီဆိုရင်တောင် ဖမ်းဆီးဖို့၊ အရေးယူဆောင်ရွက်ဖို့၊ ဖော်ထုတ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဆော့ကစားသူ တစ်ဦးကိုတောင်မှ ဖမ်းဆီးဖို့ မလွယ်ကူတာဟာ ပင်မဆာဗာကို ဖော်ထုတ်ဖို့ဆိုတာ ပိုမိုခက်ခဲပါ တယ်။ ဆော့ကစားနေသူတစ်ဦးကို တွေ့ရှိရပြီဆိုရင်တောင်မှ ပစ္စည်းသက်သေ၊ လူသက်သေလည်း မရှိတဲ့အတွက်ကြောင့် ၁၉၈၆ ခုနှစ် လောင်းကစားဥပဒေ၊ ၂၀၁၄ ခုနှစ် အီလက်ထရွန်နစ်ဥပဒေ၊ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ဘယ်ဥပဒေနဲ့ အရေးယူရမလဲ။ ဘယ်လိုအရေးယူရမလဲဆိုတာ ဥပဒေများရဲ့ မလိုအပ်တဲ့ နေရာများတွင် လိုအပ်ချင်သလို ရေးဆွဲထားမှုက ယိုစိမ့်ပေါက်တစ်ခုသဖွယ် ဖြစ်နေပါတယ်။

 

ဂိမ်းတီထွင်သူတွေကို ရှာဖွေဖော်ထုတ် ဖမ်းဆီးဖို့ဆိုရင်တော့ ပိုမို ကွာဝေးနေဦးမှာပါ။ နည်းပညာ လိုအပ်ချက်များကြောင့် ရဲတပ်ဖွဲ့အနေနဲ့ ဂိမ်းတီထွင် လုပ်ဆောင်နေသူတွေကို ရှာဖွေဖော်ထုတ် ဖမ်းဆီးဖို့ဆိုတာ မလွယ်ကူလှပါဘူး။ မိတ်ဆွေ ရဲအရာရှိများနဲ့ လောင်းကစားဂိမ်းများနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြည့်တဲ့အခါများမှာ လောင်းကစားဂိမ်းတွေကို ရှာဖွေဖော်ထုတ် ဖမ်းဆီးဖို့ဆိုတာဟာ အသွင်ယူ လှုပ်ရှားပြီး အေးဂျင့်များ၊ ဘဏ်အကောင့်များကနေ တစ်ဆင့်သာ ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ဆိုတဲ့ နည်းလမ်းတစ်ခုကိုသာ ပြောဆိုခဲ့ကြပါတယ်။ ရှာဖွေဖော်ထုတ်နိုင်ပြီ ဆိုရင်တောင်မှ ဘယ်လိုဥပဒေမျိုးကို အသုံးပြုပြီး အရေးယူမလဲ ဆိုတာဟာလည်း စဉ်းစားရတဲ့ အရာတစ်ခုဖြစ်နေပါသေးတယ်။

 

ဥပဒေအရ လိုအပ်ချက်တွေ နည်းပညာအရ လိုအပ်ချက်တွေ ဘယ်လိုပဲရှိနေလို့ အရေးယူရှာဖွေ ဖော်ထုတ်ဖမ်းဆီးဖို့ ခက်ခဲနေပါတယ်ဆိုဆို အချိန်တွေကြာလာတာနဲ့အမျှ လောင်းကစားဂိမ်းများကြောင့် ဘ၀ပျက် ဆုံးရှုံးရသူတွေ များပြားလာပြီး ဒုစရိုက်မှုခင်းတွေလည်း အများအပြားဖြစ်ပွားလာနိုင်ပါပြီ။ ဂိမ်းကို စွဲလမ်းနေတဲ့ လူငယ်များရဲ့ဘ၀တွေ မပျက်စီးစေဖို့အတွက် အရေးယူ၊ ရှာဖွေဖော်ထုတ်မှုတွေကို မလုပ်ဆောင်နိုင်သေးတာတောင်မှ ဂိမ်းများရဲ့ဆိုးကျိုးကို လူငယ်တွေ သိရှိဖို့၊ ဆော့ကစားခြင်း မပြုစေဖို့ တာဝန်ရှိသူများက အသိပညာတွေ ဖြန့်ဝေပေးဖို့ လိုနေပါပြီ။

 

Writer: မင်းသူဝင်းထွဋ်

 

Credit - Eleven Media Group



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246